top of page
20210112_163837_mfnr_edited_edited.jpg

Waste Management Toolkit (Myanmar Version)

၂၀၂၀ နှင့် ၂၀၂၁ ပညာသင်နှစ်မှ Wide Horizons ကျောင်းသား/သူများသည် အခြေခံပညာ အဆင့်ရှိ အမှိုက်အကြောင်းသိကောင်းစရာ ဆရာ/မများလက်စွဲ စာအုပ်ကို ပြုစုရေးသားခဲ့သည်။ ၎င်းလက်စွဲစာအုပ်သည် အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ဆရာ/မများက မိမိတို့ကျောင်းသားများကို အမှိုက်စီမံခန့်ခွဲမှု အကြောင်းအား သင်ကြားပေးနိုင်ရန် ပြုစုထားခြင်း ဖြစ်ပါသည်။

Waste Management Toolkit (Myanmar Version)

၂၀၂၀ နှင့် ၂၀၂၁ ပညာသင်နှစ်မှ Wide Horizons ကျောင်းသား/သူများသည် အခြေခံပညာ အဆင့်ရှိ အမှိုက်အကြောင်းသိကောင်းစရာ ဆရာ/မများလက်စွဲ စာအုပ်ကို ပြုစုရေးသားခဲ့သည်။ ၎င်းလက်စွဲစာအုပ်သည် အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ဆရာ/မများက မိမိတို့ကျောင်းသားများကို အမှိုက်စီမံခန့်ခွဲမှု အကြောင်းအား သင်ကြားပေးနိုင်ရန် ပြုစုထားခြင်း ဖြစ်ပါသည်။ အမှိုက်သည် လူတို့၏ ကျန်းမာရေး၊ ရေ၊ လေ နှင့်မြေဆီလွှာတို့ကို အဓိက ထိခိုက်ပျက်စီးစေသောကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းစေမှုသည် ယနေ့ကမ္ဘာကြီးရင်ဆိုင်နေရသော အကြီးမားဆုံးအ ကြောင်းကိစ္စများထဲမှတစ်ခုဖြစ်ပါသည်။ အမှိုက် စီမံခန့်ခွဲမှုကို ကျောင်းများတွင် သင်ယူသင့်ပြီးကောင်းမွန်သော အမှိုက် စီမံခန့်ခွဲမှု အလေ့အကျင့်ကို သင်ကြားပေးခြင်းတို့သည် အလွန်အရေးကြီးလှပါသည်။
အမှိုက်အကြောင်းသိကောင်းစရာစာအုပ်ကို ပြုစုရာတွင် အမှိုက်၏ အဓိကသိသင့်သိထိုက် သော အကြောင်းအရာ (၇)မျိုးနှင့် စပ်လျဉ်းပြီး အခန်း(၅)ခန်းခွဲ၍ ရေးသားထားပါသည်။
အခန်း(၁) အမှိုက်ကိုအမျိုးအစားခွဲခြား၍စွန့်ပစ်ခြင်း
အခန်း(၂) စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၏ ဆိုးကျိုးများ
အခန်း(၃) ပလပ်စတစ်အမှိုက်လျှော့သုံးခြင်းနှင့် ငြင်းပယ်ခြင်း
အခန်း(၄) အမှိုက်ကိုပြန်လည် စီမံအသုံးပြုခြင်းနှင့် အသစ်တစ်ဖန်တီထွင်ပြုလုပ်ခြင်း
အခန်း(၅) သဘာ၀မှလာသောအမှိုက်များကို မြေဆွေးပြုလုပ်ခြင်း စသည်တို့ဖြစ်ပါသည်။
အမှိုက်အကြောင်း သုတေသနပြုလုပ်နိုင်ရန် နှင့် စာအုပ်ထုတ်လုပ်နိုင်ရန်ငွေကြေးဆိုင်ရာပံ့ပိုးကူညီပေးသော မုတ္တမပင်လယ်ကွေ့ စီမံကိန်း အား အသိအမှတ်ပြုကျေးဇူးတင်ရှိပါသည်။ ထို့အပြင် ဤစာအုပ်အတွက် သုတေသနပြုမှု တွင် တက်ကြွစာပါ၀င်ကြသော လူတစ်ဦးချင်းစီတိုင်းနှင့် အုပ်စုအဖွဲ့များကိုလည်း အသိမှတ်ပြုကျေးဇူးတင်ရှိပါသည်။

© 2022 by WIDE HORIZONS PROGRAM. Proudly created with wix.com

bottom of page